Facebook Badge

Friday, September 18, 2009

DJ သားစိုး အမေရိကန်မှာ ဆက်မွှေမည်

Thursday, 17 September 2009 18:36 အေးလဲ့


“ ရောသမ ည” အမည်ရ စင်မြင့်ဖျော်ဖြေပွဲကို အမေရိကန် နိုင်ငံရောက် ရောသမမွှေ အဆိုတော် သားစိုးက ကယ်လီဖိုးနီးယား ပြည်နယ် ဖရီးမောင့်မြို့၌ လာမည့် အောက်တိုဘာလ ၃ ရက် နေ့တွင် ကျင်းပမည်ဟု ပြောသည်။

ထိုဖျော်ဖြေပွဲတွင် ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာနိုင်ငံသားများ ဖြစ်သော “ရွှေကျောင်းသား” အဖွဲ့၏ အကူအညီဖြင့် ဦးရွှေရိုးနှင့် ဒေါ်မိုး အက ကို အသေးစိတ် သရုပ်ဖော် ကမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ ဂီတကို စိတ်ဝင်စားသည့် နိုင်ငံခြားသားများနှင့် အမေရိကန်ရောက်ရှိနေသော မြန်မာ လူငယ်တို့ကို အဓိကထား ဖျော်ဖြေရန် ရည်ရွယ်သည် ဟု သားစိုးက ဆိုသည်။

ညနေ ၆ နာရီခွဲမှ ၈ နာရီခွဲ အထိ၊ CENTERVILLIE COMMUNITY CENTER ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်း၊ လက်မှတ် တစောင်လျှင် ၁၅ ဒေါ်လာနှင့် ဒေါ်လာ၂၀ သတ်မှတ်ထားကြောင်း သူ၏ ဖိတ်စာတွင် ဖော်ပြထားသည်။

အဆိုတော် သားစိုးက “ကိုကြီးကျော် သီချင်းကို dance နဲ့ ပြန် က မယ်၊ ကျနော့် အခွေ တွေထဲက အခု ရန်ကုန်မှာ ထွက်နေ သလို မျိုးပေါ့၊ မြန်မာ ဝတ်စုံတွေနဲ့ သရုပ်ဖော် တာတွေ အကုန် ပါမယ်၊ ပျော်ရဲ့လား ဟေ့ မောင်တို့ရေ့ လည်း ပါမယ်ထင်တယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ မြန်မာ့ရိုးရာ ဂီတ၊ သီချင်း၊ နတ် ကန္နား အက တို့တွင် အနောက်တိုင်း ခေတ်ပေါ် ဂီတများ၊ ကကွက်များ ရောနှောခြင်းကို မြန်မာ ပြည်တွင် အများက လက်ခံကြသည်မဟုတ်ပေ။ အထူးသဖြင့် မြန်မာ့ရိုးရာ ဂီတပညာရှင်များက လက်မခံကြဟု သိရသည်။

လက်ရှိ အမေရိကန်တွင် နေထိုင်နေစဉ်ကာလအတွင်း အသံဖမ်းခြင်းဆိုင်ရာ ပညာရပ်များ၊ နိုင်ငံခြား DJ နှင့် ပတ်သက်ပြီး စင်မြင့်ဖျော်ဖြေပွဲများသို့ သွားရောက် လေ့လာနေသည် ဟုဆိုသည်။

ယခု၂၀၀၉ ခုနှစ် မကုန်ခင် မြန်မာနိုင်ငံသို့ ပြန်မည် ဖြစ်ပြီး၊ မြန်မာနိုင်ငံပြန်ရောက်လျှင် “ ရောသမ ဘုရင်” အမည်ရ တေးစီးရီး ကို ထုတ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

သားစိုးသည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ပြီး သီအိုရီ ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့နှင့်အတူ ဂီတလောကတွင် ပေါ်ထွက်လာသည်။ ထို့နောက် ၂ဝဝ၆ ခုနှစ်တွင် ပေါ်ထွက် ခဲ့သော ရောသမမွှေ စီးရီးဖြင့် တရှိန်ထိုး အောင်မြင်ခဲ့သူ ဖြစ်သည်။

နောက်ပိုင်းတွင် “မွှေ” စီးရီးများ ဖြစ်သော ရောချင်ရော မရောချင်နေ၊ မွှေလို့မဝလို့၊ အမွှေ၊ ရောလို့သမလို့မွှေ တဲ့ည စသည့် စီးရီးများကို ဆက်တိုက် ထုတ်လုပ်ခဲ့သည်။

ရန်ကုန်ဇာတိဖွား သားစိုး၏ အမည်ရင်းမှာ စိုးမွန်အောင် ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် အသံဖမ်း အင်ဂျင်နီယာ ဘာသာရပ် လေ့လာခဲ့သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP