Facebook Badge

Friday, September 4, 2009

ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် ဂျပန် သွားနိုင်ပြီဟုဆို

Thursday, 03 September 2009 20:05 ကိုထွေး


ဂျပန်နိုင်ငံမှ အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် တဦးကို ခရီးသွားလက်မှတ် ထုတ်ပေးရန် ထိုင်းအာဏာပိုင်တို့က ယနေ့ ဆုံးဖြတ်လိုက် သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဤသို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ချင်းမိုင်မြို့မှ မူလတန်းကျောင်းသား မောင်သောင်ဒီသည် ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ဂျပန်နိုင်ငံ အိုရီဂါမီ ပြိုင်ပွဲကို သွားရောက်နိုင်တော့မည် ဖြစ်သည်။

မောင်သောင်ဒီအတွက် ခရီးသွားလက်မှတ် ထုတ်ပေးရန် ၎င်း၏ ကျောင်းမှ တာဝန် ရှိသူများက အပြင်းအထန် ကြိုးစားခဲ့သော်လည်း ယမန်နေ့ကအထိ ထိုင်းနိုင်ငံ အာဏာပိုင်များက သဘောတူညီခဲ့ခြင်း မရှိပေ။

စက္ကူခေါက် လေယာဉ်ပျံ ပြုလုပ်ရာတွင် ကျွမ်းကျင်သည့် မောင်သောင်ဒီသည် ယမန်နှစ်က ဘန်ကောက်တွင် ပြုလုပ်သည့် ပြိုင်ပွဲတခုသို့ သွားရောက်ယှဉ်ပြိုင်ရာ သူ၏ စက္ကူခေါက် လေယာဉ်က ၁၂ . ၅၀ စက္ကန့်ကြာ လေတွင် ပျံဝဲနိုင်ခဲ့သည်အထိ စွမ်းရည်ပြသခဲ့သည်။

အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ လေတွင် ပျံဝဲနိုင်သည့် ကမ္ဘာ့စံချိန်ကို ဂျပန်အမျိုးသားတဦးက ဧပြီလတွင် ၂၇.၆ စက္ကန့် ဖြင့် စံချိန်ချိုးထားသည်ဟု သိရသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP