Facebook Badge

Saturday, September 12, 2009

ဦးခွန်ထွန်းဦး မွေးနေ့ပွဲ မူဆယ်တွင် ကျင်းပ





သောကြာနေ့၊ စက်တင်ဘာလ 11 ရက် 2009 ခုနှစ် 19 နာရီ 16 မိနစ်


ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌဖြစ်ပြီး ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသည့် ဦးခွန်ထွန်းဦး၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်ရှိ ပါတီဝင်များက ယနေ့ကျင်းပ ကြသည်။

ယနေ့နံနက် အာရုဏ်တက်ချိန်မှစ၍ မူဆယ်မြို့နယ် SNLD ပါတီဝင် ၅၀ ခန့်က စုပေါင်းကာ လွိုင်တိန်းခမ်း တောင်ပေါ်ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ရေစက်ချ အလှူပွဲများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“လွိုင်တိန်းခမ်း တောင်ပေါ်ဘုန်းကြီးကျောင်းမှာ သံဃာတော် ၁၀ ပါးကို ပင့်ဖိတ်ပြီးတော့မှ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းတွေကို ဆက်ကပ်လှူဒါန်းပြီးတော့မှ ရေစက်ချ အမျှဝေပါတယ်။ ကျောင်းမှာ ဥပုဒ်သီလ ယူနေတဲ့သူတွေ ရောဆိုရင် ၁၀၀ ကျော်လောက်တော့ ရှိသွားတယ်။ သိုသိုသိပ်သိပ်လုပ်ကြတာပါ” ဟု အမည်မဖော်လိုသူ SNLD ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ ရှမ်းခေါင်းဆောင်တဦး၏ မွေးနေ့ပွဲကို မူဆယ်မြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသည်ဆိုသည့် စွပ်စွဲချက်ဖြင့် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူးစိုင်းညွန့်လွင်၊ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့မှ ဦးမြင့်သန်း၊ ဦးညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးထွန်းညို၊ စဝ်သာဦး၊ စိုင်းလှအောင်နှင့် ရှမ်းပြည် ငြိမ်းချမ်းရေးကောင်စီမှ ဥက္ကဋ္ဌ ဗိုလ်ချုပ်စေထင်တို့အား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ ဦးမြင့်သန်းသည် သံတွဲထောင်ထဲတွင် ၂၀၀၆ ခုနှစ် မေလအတွင်းက ကွယ်လွန်သွားခဲ့သည်။

အားလုံးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီးနောက် အာဏာပိုင်များက နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ပို့ဆောင်ပစ်ခဲ့သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP