Facebook Badge

Friday, September 18, 2009

ကိုးကန့်ဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံ


ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြီးဆုံးခဲ့သော်လည်း ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံနေရကြောင်း သိရသည်။

မကြာမီက စစ်အစိုးရနှင့် ကိုးကန့်တိုင်းရင်းသား အပစ်ရပ်အဖွဲ့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာအကူ အညီပေးနေသော ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ်(WFP)နှင့် အစိုးရမဟုတ်သည့် အကူအညီပေးရေးအဖွဲ့များ၏ လုပ်ငန်းများကို ရပ်ဆိုင်း ခဲ့ရသည့်အတွက် စားနပ် ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေနေရသည်ဟု ဒေသခံများက ပြောသည်။

ကိုးကန့်တိုင်းရင်းသား တဦးကို လောက်ကိုင်မြို့တွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

“အရင်တုန်းက ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကပေးတယ်လေ၊ အခုတော့လုပ်ငန်းတွေရပ်ထား ရတော့ ဆန်ပြတ်သွားတာပေါ့၊ ရှိတဲ့ဆန်ကလည်း စစ်တပ်ကို ပို့ပေးရတယ်” ဟု လောက်ကိုင်မြို့မှ ဒေသခံတဦးက ပြောသည်။

စစ်အစိုးရ သတင်းစာများတွင် နယ်မြေတည်ငြိမ်သွားပြီဟု ဖော်ပြထားသော်လည်း ပြီးခဲ့သည့်သြဂုတ်လ အတွင်းက ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည့်အပြင် စစ်အစိုးရတပ် အများအပြားဝင် ရောက်လာမှုကြောင့် ဒေသတွင်းစားနပ်ရိက္ခာ မလုံလောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ဒေသတွင်းရှိ လူဦးရေ ၁၂၀၀၀၀ ကို WFP နှင့် တခြားသော NGO အကူအညီ ပေး ရေးအဖွဲ့များက ဆန်နှင့် စားနပ်ရိက္ခာ များ ကိုအကူအညီပေးနေရကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများ ကြောင့် အဆိုပါ အဖွဲ့ အစည်းများတွင် လုပ်ကိုင်နေသူများလည်း တိုက်ပွဲများ အတွင်းတွင် ပိတ်မိနေကြောင်း သိရသည်။

“ကိုးကန့်ဒေသမှာ အမျိုးသမီးအိမ်ထောင်ဦးစီးတို့၊ သက်ကြီးရွယ်အိုတို့၊ မူလတန်းကလေးတွေ ကိုဆန် ထောက်ပံပေးတယ်၊ နောက်ပြီးတော့ အသက်မွေးဝမ်းကျောင်း သင်တန်းတက်တဲ့သူတွေကို ဆန်ထောက်ပံတယ်၊ အခုတော့ ရပ်ထားတယ်”ဟု WFP မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

WFP နှင့် အခြားသော NGO အဖွဲ့များသည် ကိုးကန့်ဒေသ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး လုပ်ငန်းများ နှင့် ဒေသတွင်း ရှိလူမှုရေး လုပ်ငန်းများလုပ်ကိုင်ရန် အတွက်ရောက်ရှိနေကြပြီး ဒေသခံများ၏ အသက် မွေးဝမ်းကျောင်းနှင့် ပတ်သက် သော သင်တန်းများပေးခြင်း၊ အလုပ်အကိုင်များရှာဖွေပေးခြင်း၊ သုံးနှစ်အောက် ကလေးငယ် များ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် နို့တိုက်မိခင်များ၊ HIV ဝေဒနာရှင်များအား စားနပ်ရိက္ခာထောက်ပံ့သောအစီစဉ်များကို လုပ်ကိုင်နေကြောင်းသိရသည်။

၎င်းအဖွဲ့အစည်းများ၏ရုံးများကို လောက်ကိုင်မြို့တွင် ဖွင့်လှစ်ထားပြီး ပုံမှန်လုပ်ငန်းများလုပ်ကိုင် နိုင်ရန်အတွက် ရက်သတ္တ နှစ်ပတ်ခန့် အချိန်ကြာဦးမည် ဖြစ်ကြောင်း၊ ဒေသအတွင်း လုံခြုံမှု ရှိမှသာလျှင် ၀န်ထမ်းများကို ပြန်လွှတ်မည်ဖြစ်ကြောင်း WFP မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

စစ်အစိုးရ သတင်းစာများတွင် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များ ကိုးကန့်ဒေသသို့ ပြန်လာနေကြ သည်ဟု ဖော်ပြနေသော်လည်း ဒုက္ခသည် အများစုမှာ တရုတ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ကျန်ရှိနေသေးကြောင်း ၊ ကိုးကန့်ဒေသ နှင့် ၀ဒေသတို့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကိုစိုးရိမ်နေသောကြောင့် အခြေအနေကို စောင့်ကြည့် နေကြကြောင်းသိရသည်။

“တရုတ်ဘက် က ဒုက္ခသည်စခန်းမှာ ကျောင်းသားတွေ ၊ စတိုးဆိုင်ပိုင်ရှင်တွေကျန်နေတုံးပဲ၊ မပြန်သေးဘူး၊ အခြေအနေကို စောင့်ကြည်နေကြတယ်”ဟု အဆိုပါ မြို့ခံက ပြောသည်။

စစ်အစိုးရ သတင်းစာများတွင် စက်တင်ဘာ ၈ ရက်နေ့အထိ စာရင်းအရ ကိုးကန့်ဒေသသို့ ဒုက္ခသည် ၁၅၆၀၇ ဦး ပြန် လည်ဝင်ရောက်လာပြီဟု ရေးသားထား သော်လည်း တရုတ်နိုင်ငံမှ တရားဝင်ထုတ်ပြန်သော စာရင်းအရ ဒုက္ခသည်ပေါင်း ၃၇၀၀၀ ရှိကြောင်း သိရသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP