Facebook Badge

Saturday, September 26, 2009

ရန်ကုန်က မိန်းကလေးတွေ တိုးတက်နေပြီလား




Friday, 25 September 2009 17:15 သဲသဲ

ယခုနောက်ပိုင်း ရန်ကုန်မြို့နေ မိန်းကလေး ငယ်များကြား၌ ရင်ဟိုက်အင်္ကျီ၊ လက်တလုံးကြိုးနှင့် လက်တထွာ ကျော်ခန့်သာရှိသော ဘောင်းဘီအတို အကပ်များ ၀တ်ဆင်လာကြ ကြောင်း သိရသည်။

[မကြာသေးခင်က ကျင်းပခဲ့သည့် ရန်ကုန်ကွန်ပျူတာပြပွဲတွင် မြန်မာမော်ဒယ် မိန်းကလေးများကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - အေပီ)]

မကြာသေးခင်က ကျင်းပခဲ့သည့် ရန်ကုန်ကွန်ပျူတာပြပွဲတွင် မြန်မာမော်ဒယ် မိန်းကလေးများကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - အေပီ)
၂၀၀၇၊ ၂၀၀၈ ခုနှစ် ၀န်းကျင်ကာလများမှ စတင်ကာ ယခုကဲ့သို့ မိန်းကလေးများ၏ ၀တ်စားဆင်ယင်ပုံများ ပြောင်း လဲလာသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

“ကမာရွတ်၊ ဒဂုံစင်တာ၊ ကျောက်မြောင်း အဲဒီတွေဘက် သွားကြည့်လိုက်ရင် မမြင်ချင်မှ အဆုံးပဲ၊ တချို့က စကတ်တို၊ တချို့ ဘောင်းဘီတို အစုံပါပဲ” ဟု ကျောက်မြောင်းနေ လူငယ်တဦးက ဧရာဝတီကိုပြောသည်။

ယင်းကဲ့သို့ ၀တ်ဆင်ခြင်းများကို ယခင် ၂၀၀၂- ၂၀၀၃ ၀န်းကျင် သင်္ကြန်ကာလများ၌ အင်းလျားလမ်း၊ တက္ကသိုလ် ရိပ် သာလမ်း စသည်တို့တွင်နေထိုင်သော ငွေကြေးတတ်နိုင်သူများက သင်္ကြန်မဏ္ဍပ်များပေါ်မှ ရေပက်ရင်း ၀တ်ဆင် လာခဲ့ကြသည်။

သာမန် အချိန်တွင် ချမ်းသာသည့် အသိုင်းအ၀န်းမှ သားသမီးများက နိုက်ကလပ် စသည့် နေရာများသို့ သွားရောက်မှသာ ၀တ်ဆင်လေ့ရှိသည့် အတို၊ အပြတ်များကို ယခုနောက်ပိုင်း ဘတ်(စ်)ကား တိုးစီး နေရသည့် မိန်ကလေးများလည်း ၀တ်ဆင်လာသည်ကို တွေ့ရသည်။

“ကိုယ်နဲ့ လိုက်တယ်ဆိုရင်တော့ ကောင်းပါတယ်။ လိုက်တယ် မလိုက်ဘူးကို မစဉ်းစားဘဲ ပေါ်သမျှ လျှောက်ဝတ် နေလို့ ဘယ် ဖြစ်မလဲ။ ခေတ်မီယုံတင်မကဘဲ ခေတ်လွန်နေရင် မကောင်းဘူးလေ၊ အထူးသဖြင့် ဘတ်(စ်) ကားစီးနေတဲ့ မိန်းကလေးတွေအတွက်တော့ မကောင်းပါဘူး” ဟုရန်ကုန်မြို့နေ လူငယ် တဦးက ဝေဖန်သည်။

ရန်ကုန်၊ ယုဇနပလာဇာမှ အ၀တ်အထည် အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက “အခုဆိုရင် ဂျင်းဘောင်းဘီ အရှည်ကို ၀ယ်မယ့်သူတောင် မရှိသလောက်ပါပဲ၊ ဆယ်ကျော်သက်တွေဆို တထွာလောက်ပဲ ရှိတဲ့ဘောင်းဘီတွေပဲ ၀ယ်ကြတော့တယ်။ အရှည်ဝယ်မယ် ဆိုရင်လည်း အသားကပ် အရှည်လောက်ပဲ ၀ယ်ကြ၀တ်ကြတယ်။ ခန္ဓာကိုယ်ကို ပေါ်စေတဲ့ စတိုင်မျိုးကိုပဲ ရွေးလာကြတယ်” ဟု ရန်ကုန်မြို့နေ မိန်းကလေးများ၏ ၀တ်စားဆင်ယင်ပုံကို ရှင်းပြသည်။

ရန်ကုန်မြို့နေ အမျိုးသမီးများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ၀တ်စားဆင်ယင်ပုံများကို အတုယူ ၀တ်ဆင်လာကြသည် ဟုလည်း ၎င်းကဆိုသည်။

[ရန်ကုန်မြို့တွင် မိန်းကလေးများ ယခုကဲ့သို့ ဝတ်စားဆင်ယင်ပုံ ပြောင်းလဲလာပြီ (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ)]

ရန်ကုန်မြို့တွင် မိန်းကလေးများ ယခုကဲ့သို့ ဝတ်စားဆင်ယင်ပုံ ပြောင်းလဲလာပြီ (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ)
“လူငယ်တွေက လွတ်လပ်၊ ပေါ့ပါးတာကို ကြိုက်ကြတာကိုး။ အဲဒီတော့ ဆယ်ကျော်သက်တွေက ဖက်ရှင်လည်းကျ လူလည်း သက်သာအောင်လို့ ကြိုးတချောင်းတို့ ဘောင်းတီတိုတို့ ၀တ်လာကြတာပေါ့။ ရာသီဥတုကလည်း ပူတာကိုး” ဟု ရန်ကုန်မြို့မှ ဂျာနယ်လစ်တဦးက ဧရာဝတီကိုပြောသည်။

ရန်ကုန်မြို့နေ အမျိုးသမီးဘလော့ဂါ နန်းညီကလည်း “ဒီလိုမျိုးဝတ်စားတာနဲ့ ကိုယ့်ကိုကိုယ် ခေတ်မီနေပါပြီ၊ တိုးတက်နေပါပြီလို့ ပြောလို့မရပါဘူး။ တကယ်တမ်း ခေတ်မီ၊ တိုးတက်တယ်ဆိုတာ ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို စိတ်ဝင်းစားတဲ့ လူငယ်မိန်းကလေးတွေ၊ ကျန်းမာရေးအသိအတွက် ကြိုးစားလေ့လာနေသူတွေစသဖြင့် ရှိတယ်။ အဲဒီလိုလူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုကိုကြည့်ရင် ဆန်းပြားမှုဆိုတာမရှိဘူး၊ ခေတ်နောက်ပြန်လည်းမဆွဲဘူး၊ ခေတ်လည်း မလွန်ဘူး။ လူက မဆန်းပြားပေမယ့် သူတို့ရဲ့ အတွေးအခေါ်တွေက အမြဲဆန်းပြားနေပါတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။

ရန်ကုန်မြို့လယ်တွင် နေထိုင်သော မိန်ကလေးများအတွက် ယင်းကဲ့သို့ဝတ်စားပုံများမှာ ပတ်ဝန်းကျင် အနေ အထားအရ အဆန်းတကြယ် မဖြစ်သော်လည်း မြို့စွန်၊ မြို့ဆင်ခြေဖုံး ကဲ့သို့သော နေရာမျိုးတွင် နေထိုင်သော မိန်းကလေးများမှာ ယင်းကဲ့သို့ ၀တ်ဆင်ချင်သော်လည်း ပတ်ဝန်းကျင်ကြောင့် ပေါ်ပေါ်ထင်ထင် မ၀တ်ရဲကြကြောင်း မြောက်ဒဂုံ ရပ်ကွက်တခုတွင် နေထိုင်သော အမျိုးသမီးတဦးက ဆိုသည်။

“တချို့ဆို အိမ်ကထွက်ရင် အောက်က ဘောင်းဘီအတိုကို အပေါ်က ထဘီထပ်ဝတ်ပြီး ထွက်သွားတယ်။ အပြင် ရောက်လို့ သူငယ်ချင်းတွေနဲ့ တွေ့ပြီဆိုတော့မှ အပေါ်က ထဘီကိုချွတ်ပြီး ဘောင်းဘီအတိုနဲ့ လျှောက်သွားတယ်။ အိမ် ပြန်တော့မယ်ဆိုတော့မှ ထဘီပြန်ဝတ်တယ်လေ။ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာစိုးလို့တဲ့” ဟု သူက ဆက်ပြောသည်။

[ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ်လာသည့် မိန်းကလေး တဦး (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ)]

ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ်လာသည့် မိန်းကလေး တဦး (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ)

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP