Facebook Badge

Saturday, September 5, 2009

မြန်မာအလုပ်သမားတဦးအတွက် နစ်နာကြေး ဘတ်၂၅၀၀၀၀ ပေးရန် တရားရုံးအမိန့်ချ


Saturday, 05 September 2009 17:15 ဘစောတင်
E-mail Print

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ လုပ်ငန်းခွင် တခုအတွင်း လွန်ခဲ့သည့် ၂ နှစ်ခန့်က မတော်တဆထိခိုက်မှုဖြင့် သေဆုံး ခဲ့ရသော စိုင်းထွန်း အမည်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအတွက် အလုပ်ရှင်က နစ်နာကြေး ဘတ် ၂၅၀၀၀၀ ပေးရန် အလုပ်သမား တရားရုံးက အမိန့်ချမှတ်ပေးလိုက်ကြောင်း သိရသည်။

၂၀၀၇ခုနှစ် အတွင်း လုပ်ငန်းခွင်တွင် သေဆုံးခဲ့သော ယင်း အသက်(၁၇)နှစ်ရှိ အလုပ်သမား စိုင်းထွန်း အတွက် သူ၏မိဘများကို အလုပ်ရှင်က လျော်ကြေးပေးရန် ချင်းမိုင် အလုပ်သမားတရားရုံးက အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဆုမ်ချိုင်းဟုမ်လာက မျှတသည့် အလုပ်သမားအခွင့်အရေးအတွက် ဥပဒေက စီရင်ပေးခြင်း ဖြစ် ကြောင်း ပြောဆိုသည်။

မစ္စတာ ဆုမ်ချိုင်းဟုမ်လာက“ဒီအမှုကို အနိုင်ရတာက ဘာကိုပြသလဲဆိုရင် အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေ မှာ အလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ထိခိုက်နစ်နာမှုရှိခဲ့ရင် ရသင့်ရထိုက်တဲ့ အလုပ် သမားအခွင့်အရေးကို ရတယ်ဆိုတာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အခုသေဆုံးသွားခဲ့တဲ့ စိုင်းထွန်း ဟာ အလုပ် သမားမှတ်ပုံတင်မရှိတဲ့ အလုပ်သမားတဦးပါ၊ ဒါပေမယ့် တရားဥပဒေက အလုပ်သမားတွေအတွက် မျှတ အောင် စီရင်ပေးခဲ့ပါတယ်”ဟု ဆိုသည်။

၂၀၀၇ခုနှစ် ဇွန်လ (၂၀)ရက်နေ့က ဆောက်လုပ်ရေး အလုပ်သမားများဖြစ်သည့် အဆိုပါ ရှမ်းတိုင်းရင်းသား စိုင်းထွန်းနှင့် တခြားသော အလုပ်သမား စိုင်းဘွန်းတို့ နှစ်ဦးသည် ချင်းမိုင်မြို့မဲယင်ခရိုင်အတွင်းရှိ အစိုးရ ရေလွှမ်းမှု ကာကွယ်ရေး စီမံကိန်းတွင် အလုပ်လုပ်ရင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

စိုင်းထွန်းသည် ဦးနှောက်ထိခိုက်ဒဏ်ရာရပြီးနောက် ၄ ရက် ခန့်တွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ စိုင်းဘွန်းမှာမူ အသက် မသေခဲ့သော်လည်း အဆုပ်နှင့် လည်ချောင်းတို့တွင် ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ပုခုံးရိုးများလည်း ကျိုးသွားခဲ့သည်ဟု သိရသည်။ ထို့ပြင် နားလည်းပင်းသွားခဲ့လေသည်။

စိုင်းထွန်း ထိခိုက်ဒဏ်ရာရစဉ် ၎င်း၏မိဘများက ဆေးဖိုး ဘတ် ၅၀၀၀ ခန့် ကုန်ကျခဲ့ပြီး သေဆုံးချိန်တွင် အသုဘစရိတ် ဘတ်၂၀၀၀၀ ခန့် ကုန်ကျခဲ့သော်လည်း အလုပ်ရှင်ကတာဝန်မယူသည့်အပြင် ထောက်ပံ့ ကူညီခြင်းပင်မရှိခဲ့ဟု မစ္စတာ ဆုမ်ချိုင်းက ပြောသည်။ စိုင်းထွန်းသည် ထိုအချိန်က လုပ်အားခ တရက် ဘတ် ၁၇၀ သာရရှိသည်ဟုလည်း ဆိုသည်။

ရွှေ့ ပြောင်းအလုပ်သမား အများစုသည် လုပ်ငန်းခွင်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိခြင်း၊ အသက်သေဆုံးခြင်း များရှိခဲ့ကြသော်လည်း လျော်ကြေးရသူအလွန်နည်းအကြောင်း၊ အများစုမှာ တရားမ၀င် လာရောက်နေထိုင်မှု အတွက် အရေးယူခံရမည်ကို စိုးရိမ်၍ ထိခိုက်နစ်နာကြေးကို မတောင်းဝံ့ကြသောကြောင့်ဖြစ်ကြောင်း မစ္စတာ ဆုမ်ချိုင်းဟုမ်လာက ဆက်လက်ပြောဆိုသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ငန်းခွင်မှာ ထိခိုက်နစ်နာမှုရှိပါက အလုပ်ရှင်အနေနဲ့လျော်ကြေး ပေးကို ပေးရမှာပါ”ဟု မစ္စတာ ဆုမ်ချိုင်းဟုမ်လာက ပြောသည်။

စိုင်းထွန်းအတွက် ယခုကဲ့သို့ နစ်နာကြေးရရှိခြင်းသည် ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ် နေကြ သော ၂ သန်းကျော်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ကောင်းသောမျှော်လင့်ချက် ရောင်ခြည် ပင်ဖြစ်သည်ဟု အလုပ်သမားရေးရာ ကျွမ်းကျင်သူများက မှတ်ချက်ပြုကြကြောင်းလည်း ဘန်ကောက် ပို့စ်က ရေးသားထားသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP