Facebook Badge

Friday, August 28, 2009

ပိုင်ကျုံနှင့် လှိုင်းဘွဲ့နယ်မှ ဒုက္ခသည်သစ်များကို မယ်လစခန်းမှ လက်ခံမည်

Friday, 28 August 2009 11:44
ယခုနှစ် ဇွန်လဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် KNU နှင့် DKBA တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိခိုလုံလာသည့် ဒုက္ခသည်များအား မယ်လဒုက္ခသည်စခန်းမှ ခိုလှုံခွင့်ပြုရန် ယခုရက်ပိုင်းအတွင်း ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ထပ်ဆောင်ရန်းခရိုင် ဒုခရိုင်မှူး၊ ကရင်ဒုက္ခသည်ဆိုင်ရာ (KRC) တာဝန်ရှိသူများနှင့် မဲလစခန်း တာဝန်ခံများ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဒုက္ခသည်သစ်များ လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မယ်လဒုက္ခသည်စခန်း ဒုဥက္ကဌ စောထွန်းထွန်းက “အဓိကဆွေးနွေးတာတော့ ဒုက္ခသည်တွေကို လက်ရှိနေရာမှာ ဆက်ထားဖို့ အခြေအနေမပေးတော့ရင် မယ်လဒုက္ခသည်စခန်းကို ပို့ခဲ့မယ်ဆိုရင် စခန်းတာဝန်ခံတွေအနေနဲ့ ဘယ်လိုမြင်လဲ၊ လက်ခံနိုင်ခြင်း ရှိ/မရှိပေါ့လေ။ နောက် နေရာလပ် ရှိ/မရှိ ဆွေးနွေးခဲ့တာပါ။ ကျနော်တို့အနေနဲ့ အကြောင်းပြန်ခဲ့တာကတော့ တကယ်လို့ နောက်ဆုံး တခြားနည်းလမ်းမရှိတော့ဘူး၊ ပို့ဆောင်မယ်ဆိုရင်တော့ ကျနော်တို့ လက်ခံနိုင်တယ်ပေါ့၊ လက်ခံနိုင်မဲ့အနေအထားမှာ ရှိပါတယ်” ဟု ပြောဆိုသည်။

ကရင်ပြည်နယ် ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ အသစ်ထပ်မံရောက်ရှိလာသည့် ဒုက္ခသည်များမှာ ယာယီအမိုးအကာများဖြင့် နောင်ဘိုးနှင့် ထီးနူခီးခေါ် ယာယီစခန်းများတွင် နေထိုင်နေကြပြီး ဒုက္ခသည်ဦးရေ ၃,၀၀၀ ကျော်ရှိသည်ဟု စခန်းဒုဥက္ကဌက ဆက်လက်ပြောဆိုသည်။

ဒုက္ခသည်များ ယာယီခိုလုံနေရသည့်နေရာမှာ မယ်လဒုက္ခသည်စခန်းနှင့် ၄၀ ကီလိုမီတာခန့် ဝေးကွာပြီး ယာယီအားဖြင့် မယ်လစခန်းအား ထောက်ပံ့ကူညီနေသည့် TBBC ၊ AMI နှင့် အခြားအင်န်ဂျီအိုအဖွဲ့အစည်းများက ဒုက္ခသည်များအတွက် ယာယီအမိုးအကာရရှိရေး၊ ဆေးဝါး၊ အစားအသောက်နှင့် ရေရရှိရေးတို့ကို ကူညီဆောင်ရွက်ပေးနေလျက်ရှိသည်။

အဓိကအားဖြင့် အဆိုပါဒုက္ခသည်အသစ်များ ယာယီခိုလုံရာနေရာတွင် ကလေးများအတွက် ပညာဆက်လက် သင်ကြားရေးအတွက် အခက်အခဲများရှိနေသလို စခန်းပြောင်းရွှေ့လာရန် ဖြစ်နိုင်ခြေနည်းသည်ဟု မယ်လစခန်းဒုဥက္ကဌက ပြောဆိုသည်။

“ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီးတော့ ဟိုးအရင်ကတည်းက သူတို့ကျောင်းမှာရှိတဲ့ ကျောင်းသားတွေကလည်း စာသင်ကြားခွင့်တော်တော် အခက်အခဲရှိတယ်ဗျ။ နောက်တော့ ကျနော်တို့စခန်းမှာ ကျောင်းသားတချို့ကို ပို့ပြီးတော့ စာသင်ကြားခွင့်တွေ ပေးတာတော့ရှိတယ်။ နောက်ဆုံးသတင်းကတော့ ဖြစ်နိုင်ခြေ သိပ်နည်းနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေက သူတို့ ဒီကိုလာဖို့ လုံးဝ ငြင်းဆန်နေတယ်ခင်ဗျ။ သူတို့ လုံးဝ မလာချင်ဘူး။ ဖြစ်နိုင်ရင်တော့ သူတို့ ယာယီ အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်ပြီးတော့ ဒုက္ခသည်စခန်းတစ်ခုအနေနဲ့ နေထိုင်သွားဖို့ သူတို့ မျှော်လင့်နေတာပေါ့” ဟု ပြောဆိုသည်။

နောင်ဘိုးနှင့် ထီးနူခီးစခန်းတွင် ယာယီနေထိုင်နေသော ဒုက္ခသည်အများစုမှာ နယ်မြေဒေသ အေးချမ်းသွားပြီး အခြေအနေအခွင့်သင့်လျှင် နေရပ်ရင်းသို့ ပြန်ချင်သူများ ပိုမိုများပြားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုအနက် အကြီးဆုံးဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါစခန်းတွင် တရားဝင် စာရင်းပေးသွင်းထားသူနှင့် စာရင်းမပေးသွင်းရသေးသူ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၅၀,၀၀၀ ကျော်ရှိသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP