Facebook Badge

Saturday, August 29, 2009

ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ

Saturday, 29 August 2009 19:55

ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်လိုက်ကြောင်း သိရသည်။

ထိုသို့ လက်နက်ချလိုက်သောကြောင့် တိုက်ပွဲများ ဆုံးခန်းတိုင်လု ဖြစ်သွားသည်ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုသည်။

“ကိုးကန့်တပ် အင်အား ၇၀၀ လောက် ဒီနေ့နေလယ်က တရုတ်ဘက်ကို ၀င်သွားပြီး၊ တရုတ်အစိုးရဆီမှာ လက်နက်ချလိုက် တယ်၊ တပ်ဖွဲ့ငယ်လေးတွေပဲကျန်တော့တယ်၊ ညီနောင်တပ်ဖွဲ့တွေလည်း ဒီနေ့မနက်လေးနာရီမှာ ဆုတ်သွားပြီ”ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသော ငြိမ်းချမ်းရေး ၂၀ မြောက် အခမ်းအနားတွင် စစ်ရေးပြနေ သည့် ကိုးကန့် တပ်ဖွဲ့ဝင်များ

စစ်အစိုးရတပ်က လက်နက်ကြီးများ၊ တင့်ကားများဖြင့် ထိုဒေသအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လည်း သိရသည်။

“မြန်မာပြည်သူများ မျက်နှာမထောက်ဘဲ ကုလသမဂ္ဂမှာ စစ်အစိုးရဘက်မှ လိုက်ခဲ့တဲ့တရုတ်နိုင်ငံကို စစ်အစိုးရက ဂရု မစိုက် ကြောင်း ပြသလိုက်တာပဲဖြစ်တယ်၊တရုတ်ကတိုက်ပွဲကြီး မဖြစ်ပါစေနဲ့ပြောတယ်၊ စစ်အစိုးရက လက်နက် ကြီးနဲ့ပစ် ပြလိုက် တယ်”ဟု ဦးအောင်ကျော်ဇော ကဆက်ပြောသည်။

ယခု ကိုးကန့်တပ်ဖွဲ့ဝင်များ လက်နက်ချသတင်းနှင့်ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေး ပေ။

ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်အစိုးရ တပ်က ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များကျရောက်ပြီး တရုတ်လူမျိုးတဦး သေဆုံး၍ ၂ ဦးဒဏ်ရာရှိခဲ့သော်လည်း၊ ယနေ့တွင် လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

ယမန်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွားနေသော တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေး ကိုထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ် အစိုးရ ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြား ထားသည်။

“မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာကိုင်တွယ်ရန်လိုကြောင်း၊ တရုတ်အစိုးရအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအား နိုင်ငံသားအခွင့်အရေးများ နှင့် အကာ အကွယ်ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jian Yu ကပြောကြား ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းကမှု“ဗမာစစ်အစိုးရ ဆိုတာ ဘယ်သူမှဂရုမစိုက်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သာအထင်ကြီး တယ်၊ တရုတ်ကိုလည်း ထည့်စဉ်းစားမယ် မထင်ပါဘူး” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကိုးကန့်ဒေသမှ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိလာသည့်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတပ်စ်ကပြောဆိုသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP