Facebook Badge

Thursday, August 13, 2009

မြန်မာအလုပ်သမားများအတွက် အသံလွှင့်ဌာနတခု မဲဆောက်တွင် ထုတ်လွှင့်မည်



ဒေသတွင်းရောက် မြန်မာအလုပ်သမားများအတွက် (FM) ရေဒီယိုအသံလွှင့်ဌာန တခုကို မဲဆောက်မြို့တွင် လာမည့်သီတင်းပတ်မှ စတင်ထုတ်လွှင့်မည်ဖြစ်သည်။

မဲဆောက်ဒေသအတွင်း (၁) သိန်းခွဲခန့်ရှိသည့် မြန်မာများအတွက် ထိုင်းဖောင်ဒေးရှင်းတခုဖြစ်သည့် MIGRANT ASSITANCE PROGRAN (MAP) အဖွဲ့၏ တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေးအစီအစဉ်မှ ကမကထပြု၍ ထုထ်လွှင့်မည် ဖြစ်သည်။

အလုပ်သမားအခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေ၊ အိပ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်ပညာပေးနှင့် ပညာရေး၊ လူမှုရေးများအပြင် ဖျော်ဖြေရေးကဏ္ဍများ ပါဝင်ပြီး ကြာသပတေးနှင့် သောကြာ (၂) ရက်နား၍ နေ့စဉ် တနေ့ (၈) နာရီ ထုတ်လွှင့်မည်ဖြစ်သည်။

နံနက် (၁၁) နာရီမှ ည (၇) နာရီအထိ ထုတ်လွှင့်မည့် အစီအစဉ်နှင့်ပတ်သက်၍ တာဝန်ခံ ကိုမင်းမင်းက“ဒီလဆန်း (၈) ရက်ကစပြီး စမ်းသပ်မှုတွေ ထုတ်လွင့်ခဲ့တယ်။ အားလုံးအဆင်ပြေတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဖြည့်ပြီးတာနဲ့ လာမယ့်အပတ်မှာ ပုံမှန်လွှင့်မှာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာဘာသာဖြင့် စတင်ထုတ်လွှင့်မည်ဖြစ်သော်လည်း ထိုင်းအပါအ၀င် အခြားတိုင်းရင်းသား ဘာသာများဖြင့်လည်း ထုထ်လွှင့်သွားရန်ရှိသည်ဟု သိရပြီး မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အတွင်း ဖမ်းယူနားဆင်နိုင်မည်ဖြစ်သောကြောင့် နယ်စပ်မြ၀တီမြို့အထိ ရောက်ရှိမည်ဖြစ်သည်။

စမ်းသပ်မှုကို နားထောင်ခဲ့သူ ထိုင်းဆန်စက်ရုံမှအလုပ်သမ မိုးမိုးက “မြန်မာလိုလွှင့်တော့ အများစုနားလည်ပြီး ဗဟုသုတလည်း ရတယ်။ သီချင်းလည်း တောင်းလို့ရတယ်ဆိုတော့ အလုပ်လုပ်ရင်း နားထောင်လို့ရတယ်။ ရိုးရိုးရေဒီယိုနဲ့ဖမ်းလို့ရတယ်။ လက်ကိုင်ဖုန်းနဲ့လည်းရတော့ ဒီလိုင်းအလုပ်ဖြစ်မယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ (JACBA) အဖွဲ့၏ဥက္ကဋ္ဌ ဦးမိုးကြိုးက “အလုပ်သမားရေးအပါအ၀င် အခြားကဏ္ဍ တွေလည်းစုံတော့ ဂရုတစိုက်ထုတ်လွှင့်ဖို့ပဲ အရေးကြီးတယ်။ အဓိက သောတရှင်တွေကို ရင်ဘတ်ထဲက လေးစားမယ်ဆိုရင် သိပ်ကိုအောင်မြင်မယ့် အလုပ်တခုလို့ ယူဆတယ်” ဟု ပြောသည်။

အဆိုပါ ရေဒီယိုလိုင်းကို မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အတွင်း FM 102.5 MEGAHERTZ တွင် ဖမ်းယူရရှိနိုင်သည်ဟု အသံလွှင့်ထုတ်လုပ်ရေးမှူးက ပြောသည်။

MAP အဖွဲ့သည် တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေးအစီအစဉ်အရ ချင်းမိုင်မြို့တွင်လည်း မြန်မာအလုပ်သမားများအတွက် ရှမ်း၊ ထိုင်း၊ ကရင်၊ အာခါ စသည့် ဘာသာ (၄) မျိုးဖြင့် နေ့စဉ်အသံလွှင့်ပေးနေသည်မှာ (၁၀) နှစ်ခန့်ရှိပြီဟု သိရသည်။

ခေတ်ပြိုင်မှ့ကူးယူသည်

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP