Facebook Badge

Sunday, August 16, 2009

ပွဲစားနှင့် အလုပ်ခေါင်းက အနိုင်ကျင့်သဖြင့် မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေ

၁၆ သြဂုတ် ၂၀၀၉

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ချုံပူလီခရိုင် အန်ဖေစာတဟိမြို့နယ် မှ့ ထိုင်းငါးဖမ်းလှေများတွင် ရောင်းစားခံနေရသော မြန်မာ အလုပ်သမားများ သည်ပွဲစားနှင့် အလုပ်ခေါင်း တို့၏ အနိုင်ကျင့်မှုကိုခံနေရသဖြင့်အခက်အခဲဖြစ်နေသည် ဟု သိရသည်။
လူကုန်ကူး သူပွဲစားများက မြန်မာ အလုပ်သမားများအား ခေါ်ဆောင်လာပြီး အန်ဖေစာတဟိ မြို့နယ်၊ အချောင်း ကျေးရွာရှိ ထိုင်းငါးဖမ်း လှေများ၌ ရောင်းစားကြသည်ဟု၎င်းလှေဆိပ်တွင်အလုပ်လုပ်ကိုင်နေသည့်မြန်မာအလုပ် သမားတစ်ဦးက ပြောသည်။
“ချုံပူလီကို မဲဆောက်က တက်လာတဲ့ လူတွေ အများကြီး ရောက်တယ်၊ အချောင်း မှာရှိတဲ့ ပွဲစားတွေက လူတွေ
ကို အများကြီး ဒိုင်ခံပြီး ၀ယ်တယ်၊ သူတို့တွေကိုအခန်းထဲ မှာ လှောင်ထား လိုက်တယ်၊ ၀ယ်ထား တဲ့ လူတွေ ကို ပွဲစားတွေက ဆိုရင်သူတို့ က တစ်ဆင့်အခြား ပွဲစားလေးတွေ ကို ဘတ်၇၀၀၀နဲ့ပြန်ပြီးရောင်းကြတယ်။ အရောင်း စား ခံထားရတဲ့ သူတွေ ဆိုရင် ၇၀၀၀ ထက် မက ဘတ် ၂၃၀၀၀၊ ၂၅၀၀၀ ထိပွဲစားကို ပေးရတယ်၊ ဒီ ၂၅၀၀၀ ကို ရဖို့အတွက် ဆိုရင် အလုပ်သမားတွေ က အနည်းဆုံး (၈)လထိ အလုပ် လုပ်ပေးရတယ်။”
ထို အလုပ်သမားများသည် လုပ်ငန်းခွင် အတွင်း၌ အလုပ်ခေါင်း တို့၏ အနိုင်ကျင့်မှုကို ခံနေရပြီး အခက်အခဲ ဖြစ် နေ ကြသည် ဟု ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်မှ ရောင်းစားခံရပြီး ထွက်ပြေး လာသည့် လူငယ်တစ်ဦး က ယခုလို ပြောသည်။
“ကျနော် (၈)လပိုင်း (၂၂) ရက် ဆိုရင် (ရ)လ ပြည့်ပြီ။ ပိုက်ဆရာ (အလုပ်ခေါင်း) တွေက အလုပ် သမား တွေ အလုပ်မလုပ် တတ်ရင် ကောင်းကောင်းသင်မပေးဘူး၊အလုပ်လုပ်တာအဆင်မပြေရင်လူတွေကိုပိုက်ဆွဲတဲ့ချိတ်
တွေနဲ့ရိုက်၊ လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန်လုပ်တယ်။ ကျနော့်ခါးမှာ ချိတ် နဲ့ ကောက်ပေါက်ခံရတာ အညိုအမည်းနှစ်ပတ် လောက် စွဲတယ်။”
နောင်နောင်

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP