Facebook Badge

Thursday, July 30, 2009

အာဇာနည်ဆိုတာ...

Jul 17, 2009
အာဇာနည်ဆိုတာ...



အာဇာနည်နေ့က ဘာလို့ အရေးကြီးရသလဲဆိုတဲ့ မေးခွန်းမျိုးကို ကျမခဏခဏ ကြုံရဖူးပါတယ်။
ကျမကတော့ အဲဒီမေးခွန်းကို အမြဲ အလွယ်တကူပဲ ဖြေဖြစ်ပါတယ်။
အာဇာနည်ဆိုတာက အရေးကြီးတဲ့အတွက် အာဇာနည်နေ့က အရေးကြီးရတာပါပဲ။

အာဇာနည်ဆိုတာက သူ့ဘ၀ကို အများအတွက် မြှုပ်နှံ အစတေးခံရဲသူ။ အသက်စွန့်ဝံ့သူ။ ကိုယ်ကျင့်တရား အမွန်အမြတ်ရှိသူ။ ကိုယ့်ဖြစ်တည်မှုကို မေ့ထားပြီး လူအများအတွက်သာ စဉ်းစားပြီး ဆောင်ရွက်လုပ်ကိုင်သူ။ လူအများကို စိတ်ခွန်အားဖြစ်စေသူ.. လူအများ လိုလားသောလမ်းကို ဖန်တီးပေးသူ။

ကျမတို့နိုင်ငံက အာဇာနည်နေ့ဟာ အဲဒီလို အာဇာနည်တွေကို မသမာသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေ့ပါ။ ကျမတို့ နိုင်ငံရဲ့ အာဇာနည်ကြီးတွေကို ဆုံးရှုံးလိုက်ရတဲ့ နေ့ပါ။ အာဇာနည်ဆိုတာ ခေတ်တခေတ်မှာ အလွန် ပေါ်ပေါက်ခဲတဲ့ ရတနာတွေပါပဲ။ အခု ကျဆုံးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ နေရာအသီးသီးမှာ သူ့နေရာနဲ့သူ ထူးချွန် ထက်မြက်ကြပြီးတော့ နိုင်ငံအတွက် တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းနေကြသူ တွေချည်းပါပဲ။

နောက်တခုက အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ နိုင်ငံခေါင်းဆောင် ပီသစွာပဲ ကိုယ်ကျင့်တရားအရာမှာ စံပြ လို့ ဆိုနိုင်တဲ့ သူတွေပါပဲ။ တကယ့် အာဇာနည် အင်္ဂါရပ်နဲ့ ပြည့်စုံကြသူတွေပါ။ အဲဒီလို အာဇာနည်တွေရဲ့အကြောင်းတွေကို ကျမတို့က နောက်မျိုးဆက်တွေ သိအောင် သေသေချာချာ လက်ဆင့်ကမ်းရမှာပါ။ ဒါမှပဲ အာဇာနည်ဆိုတာ ဒီလိုပါလား.. အာဇာနည်အဖြစ် ရပ်တည်မှ တန်ဖိုးရှိတာပါလား… လူဖြစ်ရကျိုး နပ်မှာပါလား… ဂုဏ်ယူစရာ ကောင်းတာပါလား…လို့ တွေးမိကြမှာပါ။

ပိုဆိုးတာကတော့ ခုချိန်မှာက ကျမတို့နိုင်ငံမှာ ခေါင်ကမှ မိုးမလုံတော့ တတိုင်းပြည်လုံး ကံဆိုးမိုးတွေ တုတ်တုတ် ရွှဲ နေရ။ ကလေးတွေ လူငယ်တွေရဲ့ မျက်စေ့ရှေ့မှာ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အာဏာပိုင်ဆိုသူတွေ… လူထုကို နှိပ်စက်ညှင်းပမ်းတဲ့ အစိုးရ ဆိုသူတွေ.. အဂတိလိုက်စားတဲ့ အုပ်ချုပ်သူတွေ… ကိုယ်ကျင့်တရားပျက်တဲ့ ဦးဆောင်သူတွေ.. အရှက်အကြောက်နည်းပါးတဲ့ အောင်မြင် ကျော်ကြားသူတွေကိုသာ အတွေ့များနေတာမို့.. အတုယူတတ်တဲ့ အရွယ်တွေအတွက် အတုခိုးမှားမှာ သိပ် စိုးရိမ်စရာ ကောင်းပါတယ်။

ဒါကြောင့် ဘယ်လောက်မှ မဝေးကွာသေးတဲ့.. လွန်ခဲ့တဲ့ နှစ်၆၀ရဲ့ ဟိုဘက်မှာတင် စံပြုစရာ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီး လူထုအတွက် ကိုယ်ကျိုးစွန့်ဖို့ ၀န်မလေးတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိခဲ့တာကို ကျမတို့ တလေးတစား ဖော်ထုတ်ရပါမယ်။ သတိတရ ချီးကျူးရပါမယ်။ မျိုးဆက်သစ် အဆက်ဆက်ဆီ လက်ဆင့်ကမ်း ရပါမယ်။ ဒါမှပဲ အဲဒီသူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ရာ ကျပါလိမ့်မယ်။ အဲဒီတော့မှပဲ နောက်က မျိုးဆက်တွေအပေါ်လည်း တာဝန်ကျေရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ အာဇာနည်နေ့ကို အာဇာနည် တွေကို.. သမိုင်းကြောင်းတခုအဖြစ် ဖော်ထုတ်ဖို့ အရေးကြီးရတာပဲ ဖြစ်ပါတယ်…။

အာဇာနည်မြတ်.. မမေ့အပ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းအား အလေးပြု ။


(မမေငြိမ်းဘလော့ဘ်မှ့ တဆင့်ဖောက်သည်ပြန်ချသည်)

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP